University of Co-Operative and Management, Sagaing
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)

သင်ကြားရေးဌာနများ

ဝါဏိဇ္ဇဗေဒဌာန

စီးပွားရေးနှင့် ပတ်သက်သော နယ်ပယ်များတွင် အသိပညာနှင့် ကျွမ်းကျင်မှု ပြည့်ဝသော ဘွဲ့ရများနှင့် အကောင်းဆုံး လေ့လာသင်ယူပြီး သုတေသန အတွေ့အကြုံများရှိသော ဘွဲ့ရ ပညာတတ်များ မွေးထုတ်ပေးရန်

လေ့လာရန်

သမဝါယမပညာဌာန

လူမှုစီးပွားရေးလုပ်ငန်းများ၏လုပ်ငန်း ဆောင်ရွက်ချက်များတွင် ကျွမ်းကျင် ပိုင်နိုင်စွာ ပါဝင်ဆောင်ရွက်နိုင်သည့် လူမှုစွန့်ဉီးတီထွင်သူများနှင့် စွမ်းဆောင်ရည်ပြည့်ဝသော ပညာတတ်များမွေးထုတ်ပေးရန်

လေ့လာရန်

ဘောဂဗေဒဌာန

စီးပွားရေးပညာရပ်တွင် အလားအလာရှိပြီး ကျွမ်းကျင်ထက်မြက်သော ကျောင်းသူ၊ ကေျာင်းသားများကို ပြုစုပျိုးထောင်ရန်၊ စီးပွားရေးသီအိုရီနှင့် လက်တွေ့စီးပွားရေး အခြေ အနေများကို ဆန်းစစ်ဝေဖန်မှုဖွံ့ဖြိုးလာစေရန်နှင့် စီးပွားရေးဘာသာရပ်ဆိုင်ရာ သုတေသန အရည်အသွေးများကို ဖော်ထုတ်ရန်

လေ့လာရန်

စီမံခန့်ခွဲမှုပညာဌာန

စီမံခန့်ခွဲမှုပညာ၏ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများ၊ အခြေခံသဘောတရားများကို နားလည်စေရန်

လေ့လာရန်

စာရင်းအင်းပညာဌာန

စာရင်းအင်းပညာရပ်၏ နည်းလမ်းများကို နယ်ပယ်စုံတွင် ချိတ်ဆက်အသုံးချ၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးရန်

လေ့လာရန်

မြန်မာစာဌာန

ကျောင်းသား၊ကျောင်းသူများအတွက် မိမိတို့၏အမျိုးဘာသာစကားနှင့် စာပေထိန်းသိမ်းရေး၊ တည်တံ့ခိုင်မြဲရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ လုပ်ငန်းခွင်တွင်မြန်မာစာကို မှန်မှန် ကန်ကန်တိတိကျကျ သုံးနှုန်းရေးသားခြင်းဖြင့် လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့ရေးတို့ကို လက်တွေ့အကျိုးပြုစေရန်

လေ့လာရန်

အင်္ဂလိပ်စာဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ ကို လက်တွေ့အသုံးချနိုင်စေရန်

လေ့လာရန်

သင်္ချာဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအား အရင်းအမြစ်များ သည် သက်ဆိုင်ရာ ဘာသာရပ်များ၌ စီးပွားရေးဆိုင်ရာ သင်္ချာဘာသာရပ်ကို အသုံးချနိုင်ရန်

လေ့လာရန်

 ICT ဌာန

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်စီမံကိန်းကဏ္ဍမျိုးစုံအတွက် အသုံးချမှု နယ်ပယ်အသီးသီးတွင် အီလက်ထရောနစ်စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု လုပ်ငန်းများကို သိရှိနားလည်သဘောပေါက်၍ ICT ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်သော လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးရန်

လေ့လာရန်

စီးပွားရေးပထဝီဝင်ဌာန

စီးပွားရေးပထဝီဝင်ဘာသာရပ်ဖြင့် ရူပဆိုင်ရာနှင့် လှုမှုစီးပွားရေးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် နယ်ပယ်အသီးသီးကို လွှမ်းခြုံစူးစမ်းလေ့လာကာ စိမ်းလန်းစိုပြေသာယာဖွံ့ဖြိုး တိုးတက်သော ကမ္ဘာ့ လူ့ဘောင် အဖွဲ့အစည်းကြီး ဖြစ်ထွန်းလာရေးအတွက် အထောက်အပံ့ ဖြစ်စေရန်

လေ့လာရန်

ဥပဒေပညာဌာန

ခေတ်မီဖွံဖြိုးတိုးတက်နေသော ကမ္ဘာကြီး၌ စီးပွားရေးလုပ်ငန်းများကို နိုင်ငံအတွင်း နေထိုင်သော လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်ဖြစ်စေ၊ ကုမ္ပဏီများအနေနှင့်ဖြစ်စေ၊ စီးပွားရေး အဖွဲ့အစည်းအနေနှင့်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်နေကြပါသဖြင့် စီပွားရေး လုပ်ငန်းနှင့် သက်ဆိုင်သော ဥပဒေများကိုသိရှိနားလည်ပြီး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါ်ပေါက်လာသော ပြသာနာများ ၊အငြင်းပွားမူများ ပက်သက်၍ ဖြေရှင်းနိုင်သော နည်းလမ်း များ သိရှိစေရန်

လေ့လာရန်