University of Co-Operative and Management, Sagaing
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

သင်တန်းရေးရာဌာန

သင်တန်းရေးရာဌာနသည် ပညာသင်နှစ်အလိုက် ဝင်ခွင့်စိစစ်လက်ခံခြင်း၊ တက္ကသိုလ်၏ လှုပ်ရှားမှုဆိုင်ရာကိစ္စရပ်များအား Semester Plan ရေးဆွဲ ဆောင်ရွက်ခြင်း၊ ကျောင်းစည်းကမ်း ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ကျောင်းသား/ ကျောင်းသူများ၏ ကိုယ်ရေး အချက်အလက် မှတ်တမ်းများပြုစုထိန်းသိမ်းခြင်း၊ စာပေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပညာသင်နှစ်၏နှစ်ဝက်အလိုက် စာမေးပွဲများကျင်းပပြုလုပ်ခြင်း၊ သင်ကြားရေး ဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းနှင့်  ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခြင်းများ ဆောင်ရွက်ရပါသည်။

ကျောင်းသား/ ကျောင်းသူ တက်ရောက်မှု အခြေအနေ

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ပထမနှစ်မှ မဟာတန်းအထိ ကျောင်းသား/ ကျောင်းသူ တက်ရောက်မှု အခြေအနေမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

စဉ် အတန်း ကျား ပေါင်း မှတ်ချက်
၁။ ပထမနှစ် ၁၀၃ ၁၉၃ ၂၉၆
၂။ ဒုတိယနှစ် ၁၅၃ ၂၅၉ ၄၁၂
၃။ တတိယနှစ် ၂၂၆ ၅၁၂ ၇၃၈
၄။ စတုတ္ထနှစ် ၂၃၂ ၄၈၃ ၇၁၅
၅။ PGD - ၁၁ ၁၁
၆။ M-1 ၆၂ ၆၃
၇။ M-2 ၅၉ ၆၃
စုစုပေါင်း ၇၁၉ ၁၅၇၉ ၂၂၉၈
ကျောင်းသား/ ကျောင်းသူများအား ဘွဲ့အပ်နှင်းမှုအခြေအနေ
သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အနေဖြင့် (၂၀၁၂-၂၀၁၃)ပညာသင်နှစ်မှ စတင်၍ စီးပွားရေးသိပ္ပံဘွဲ့  (B.BSc) (Bachlar of Business Science)အား စတင် ပေးအပ်ခဲ့ပြီး (၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစတင်၍ အထူးပြုဘာသာရပ်(၅)ခုခွဲ၍  သင်ကြားခဲ့ပြီး (၂၀၁၇-၂၀၁၈) ပညာသင်နှစ်မှစတင်၍  အထူးပြု ဘာသာရပ် အလိုက်ဘွဲ့များ၊ ဘွဲ့လွန် ဒီပလိုမာများနှင့် မဟာဘွဲ့များအား ပညာသင်နှစ်အလိုက် ပေးအပ်ချီးမြှင့်ခဲ့ရာ ယနေ့ အထိ စီးပွားရေးသိပ္ပံဘွဲ့ ရရှိသူ(၂၂၆၃)ဦး၊ အထူးပြု ဘာသာရပ်အလိုက် ဘွဲ့ရရှိသူ (၁၃၆၀)ဦး၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ (၈၁)ဦး နှင့် မဟာဘွဲ့ရရှိသူ(၆၃)ဦးတို့ အား ဘွဲ့များ အပ်နှင်းချီးမြှင့်ခဲ့ပါသည်။
HRD သင်တန်းများဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ

ဒေသတွင်းအလုပ်အကိုင်ရရှိရေး၊ သင်ကြားမှု/ သင်ယူမှုအခွင့်အလမ်း မြင့်မားစေရေး တို့ အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝါဏိဇ္ဇဗေဒဌာန၊ ဘောဂဗေဒဌာန နှင့် စီမံခန့်ခွဲမှုပညာဌာနတို့မှ ဦးဆောင်၍ အောက်ဖော်ပြပါ HRD သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ ပါသည် -

(က)    ဝါဏိဇ္ဇဗေဒဌာန                   
           (၁)    Certificate in Business Accounting (LCCI Level I - P) 
           (၂)      Certificate in Human Resource Management                    
           (၃)     Certificate in Business Studies           

(ခ)      ဘောဂဗေဒဌာန                   
            Diploma in Development Studies           

(ဂ)     စီမံခန့်ခွဲမှုပညာဌာန                 
           Certificate in Marketing Management

ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေ

Competency မြင့်မားစေရန် Knowledge နှင့် Skill အပြင် Attitude ပြောင်းလဲရေး အတွက် ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် Teaching Methods, Strategics, Leadership ပုံစံများအား သိရှိနားလည်စေပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရေးကို ရည်ရွယ်၍ “ဆရာ/ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှု နည်းပညာသင်တန်း” (Capacity Building and Training of Trainers on Pedagogy) များ ဖွင့်လှစ်ပို့ချ ဆောင်ရွက်ခြင်းကို ဆောင်ရွက်ပါသည်။ 

ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် MoU ရေးထိုးခဲ့မှုအခြေအနေ

နိုင်ငံတကာဆက်ဆံရေးဌာနခွဲ အနေဖြင့် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)နှင့် Korea Myanmar Research Association (KOMYRA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU)လက်မှတ် ရေးထိုးခြင်းကို ပြုလုပ်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတက္ကသိုလ်နှင့် ကိုရီးယား - မြန်မာနှစ်နိုင်ငံ အကြား အကျိုးပြု သုတေသနလုပ်ငန်းများ၊ ပညာရေးလှုပ်ရှားမှုများ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာများ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခြင်း၊ HRD နှင့် အခြားသင်ကြားရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

စဉ် အဖွဲ့အစည်း(ပြည်တွင်း/ပြည်ပ) နိုင်ငံ နေ့ရက် မှတ်ချက်
၁။ KOREA MYANMAR RESEARCH ASSOCIATION (KOMYRA) Korea 29-10-2021 MoU
၂။ UNIVERSITY MALAYSIA SARAWAK (UNIMAS) Malaysia 22-10-2021 MoU
၃။ SEAMEO School’s Network Southeast Asian Countries 17-12-2020 Member
စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ချက်များ 
  • (က) SOLIB Library Automation System အသုံးပြု၍ e-Circulation System ဖြင့် စာအုပ်များငှားရမ်းပေးခြင်း၊ ကျောင်းသားကျောင်းသူများ စာအုပ်ငှားရမ်း ဖတ်ရှုနိုင်ရန် အတွက် အသင်းဝင်ကဒ် ပြုလုပ်ပေးခြင်း။
  • (ခ) ကျောင်းသား/ ကျောင်းသူများအတွက် စာကြည့်တိုက် စာဖတ်ချိန်အဖြစ် တစ်ပတ်လျှင် တစ်ချိန်ထားရှိပေးထားခြင်း၊ယင်းစာဖတ်ချိန်များကို ကြီးကြပ်ဆရာ/ ဆရာမများ ထားရှိ ပေးခြင်း။
  • (ဂ) ကျောင်းသား/ကျောင်းသူများအား e-Library အသုံးပြုနည်းများ သင်ကြားပြသပေး ခြင်း၊ SOLIB Offline Database ဖြင့် e-book များကို စာကြည့်တိုက်ရှိ ကွန်ပျူတာ များဖြင့် ဖတ်ရှုနိုင်ခြင်း၊ Phone ဖြင့် download ပြုလုပ်နိုင်ရန် သင်ကြားပေးခြင်း။
  • (ဃ) ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ သုတေသနပြုလုပ်သူများအား (Online စနစ်ဖြင့် Google)မှ အချက်အလက်များ ကူညီရှာဖွေပေးခြင်း၊ သုတေသန စာတမ်းများနှင့် Thesis စာတမ်းများအား လေ့လာနိုင်ရန် Meral Portalစာမျက်နှာတွင် စာရင်းသွင်းပေးထားခြင်း။
  • (င) စာကြည့်တိုက်၏ Facebook စာမျက်နှာတွင် အသစ်ရောက်ရှိသည့် စာအုပ်များ ကြေညာပေးခြင်းနှင့် ကြော်ငြာသင်ပုန်းတွင် ကြေညာပေးခြင်း။
  • (စ) ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ReadingQuiz အစီအစဉ်ကိုနှစ်စဉ်ကျင်းပပေးခြင်းနှင့်ဆုချီးမြှင့်ခြင်း။
တက္ကသိုလ်သို့ လျှောက်ထားနိုင်မည့် သတ်မှတ်အရည်အချင်းများ 
  • (က) လျှောက်ထားသူများသည် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို) ဖြစ်ရပါမည်။ အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အောင်ကြောင်း ထောက်ခံစာမူရင်း နှင့် အမှတ်စာရင်းမူရင်းတို့ကို တပါတည်း ပူးတွဲ လျှောက်ထားရမည်။
  • (ခ) သမဝါယမတက္ကသိုလ်/ကောလိပ်တက်ရောက်ခွင့်ရရှိပါက အောင်လက်မှတ်မူရင်းကို တင်ပြနိုင်မှသာ တက်ရောက်ခွင့်ပြုမည်။ သမဝါယမတက္ကသိုလ်/ ကောလိပ်များတွင် တက်ရောက်ရန် ရွေးချယ်ခြင်း မခံရပါက ကျောင်းသား၊ကျောင်းသူများ နစ်နာမှုမရှိ စေရန်အတွက် အခြားတက္ကသိုလ်/ကောလိပ်များသို့ အချိန်မီ တက်ရောက်နိုင်ရေး လျှောက်ထားမှုပြုလုပ်ထားရန် လိုအပ်ပါသည်။
  • (ဂ) လျှောက်ထားသူနှင့် ၎င်း၏မိဘ(၂)ပါးသည် အမျိုးသားမှတ်ပုံတင်အမှတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်) (ပြု) (ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။
တက္ကသိုလ်/ကောလိပ်ပြောင်းရွှေ့လျှောက်ထားခြင်း 

သမဝါယမတက္ကသိုလ်/ ကောလိပ် တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သင်ကြားလိုပါက အောက်ပါအချက်များနှင့် အကျုံးဝင်မှသာ ဆောင်ရွက်နိုင်ပါသည်-

(က)        မိဘများသည် ဝန်ထမ်းဖြစ်၍ တာဝန်အရ ပြောင်းရွှေ့ရသောကြောင့် ပြောင်းရွှေ့ သင်ကြားလိုကြောင်း လျှောက်ထားလိုပါက မိဘ၏ ပြောင်းရွှေ့မိန့်မိတ္တူ တင်ပြ လျှောက်ထားနိုင်သည်။       

(ခ)    အခြားအကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့ခွင့် လျှောက်ထားလိုလျှင် ခိုင်လုံသော အထောက်အထား တင်ပြပြီး လျှောက်ထားနိုင်သည်။