၁၉၉၆ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ် အဖြစ် မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး စာရင်းအင်းပညာဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ စာရင်းအင်းပညာ ဌာနကို သီးသန့်ထားရှိပြီး စာရင်းအင်းပညာဘာသာရပ်များကို ဆက်လက် သင်ကြားခဲ့ပါသည်။ စာရင်းအင်းပညာဌာနသည် စာရင်းအင်းပညာရှင်များကို မွေးထုတ်ပေးရုံသာမက နိုင်ငံတော်အစိုးရ နှင့် လူ့ဘောင်အဖွဲ့အစည်း အကျိုးကို ထမ်းဆောင်နိုင်၍ တာဝန်ယူနိုင်သော ပညာရှင်များကိုလည်း မွေးထုတ်ပေးလျှက်ရှိပါသည်။
Sample Text
Image from Freepik