၁၉၉၆ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ် အဖြစ် မြှင့်တင်ဖွင့်လှစ်ချိန်တွင် စီးပွားရေးဥပဒေပညာဘာသာရပ်များကို သင်ကြားနိင်ခြင်း မရှိသော်လည်း ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် အဆင့်မြင့် တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဥပဒေပညာဌာနကို သီးသန့်ထားရှိပြီး စီးပွားရေးဥပဒေ ပညာဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ဥပဒေပညာဌာန၏ ပညာရေး အစီအစဉ် တွင် စီးပွားရေးဆိုင်ရာဥပဒေအသိပညာရှိသော ကျောင်းသား/ကျောင်းသူများကို မွေးထုတ် ပေးခြင်းဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။