University of Co-Operative and Management, Sagaing
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)

(ပထမအကြိမ်)ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း MPA သင်တန်းသားခေါ်ယူခြင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

(ပထမအကြိမ်) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်းသားခေါ်ယူခြင်း

၁။                သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့သင်တန်း Master of Public Administration (MPA) သင်တန်းကို Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

၂။                 အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက် ထားနိုင်ပါသည်-

 (က)   အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။

  (ခ)    တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူ မဖြစ်စေရ။

 (ဂ)    ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။ (ဃ)   သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး  Online သင်တန်း ဖြစ်သည့်အတွက် လိုအပ်သောနည်းပညာများအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

၃။                သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထား လိုသည့် သင်တန်း၏ Online မှဖြစ်စေ (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၁၅-၅-၂၀၂၃ ရက် နောက်ဆုံးထား၍  လျှောက်ထားနိုင်ပါသည်။

(က)             ဘွဲ့လက်မှတ်(သို့)ယာယီဘွဲ့ထောက်ခံစာ

(ခ)               တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

(ဂ)               နိုင်ငံသားစိစစ်ရေးကတ်

(ဃ)             ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်

(င)               ပတ်စ်ပို့ဓါတ်ပုံ(၄)ပုံ

မှတ်ချက်။     ပူးတွဲပါစာရွက်စာတမ်းများသည် မူရင်းကို scan ဖတ်ထားသောမိတ္တူများကို  email (သို့မဟုတ်) Viber ဖြင့် ပေးပို့ရပါမည်။

၄။   ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀-၅-၂၀၂၃ ရက် တနင်္ဂနွေနေ့ တွင် Online မှ နံက် ၉ နာရီမှ ၁၂ နာရီ အထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို  ၂၅-၅-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ပါမည်။

၅။   သင်တန်းတက်ရောက်မှုအချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀နာရီ) အထိဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။

၆။   ဆက်သွယ်ရန်ဖုန်းနံပါတ်   – ၀၇၂- ၂၀၂၃၀၁၂ နှင့် ၀၉၈၉၇၇၅၁၇၄၂ ၊၀၉၂၅၀၈၀၄၈၂၀ နှင့် အီးမေးလ်များ(semucmsagaing@gmail.com)

၇။ အသေးစိတ်သိရှိလိုပါက    –    သမဝါယမပညာဌာန၊ 09250804820

 သင်တန်းရေးရာဌာန Ph- 09-427906170, 072-2023015၊ Email- ucmsexam22@gmail.com

၈။   လျှောက်ထားမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://www.ucmsonlinestudy.org/ နှင့် Facebook Page: University of Co-operative and Management, Sagaing နှင့် Department of Co-operative Studies တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

၉။      သင်တန်းသားဦးရေကန့်သတ်ထားရှိပါသည်။

                                                                                                          ဌာနမှူး၊ သင်တန်းရေးရာဌာန

                                                                                     သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)                                                                                    

Leave a Reply

Your email address will not be published. Required fields are marked *